【COP 15】COP15 အခမ်းအနားကို ကြိုဆိုရန် လှပသောရှုခင်းများ ဖန်တီးကာ ပြင်ဆင်မှုများ တိုးမြင့်ဆောင်ရွက်လျက်ရှိ

2021-09-29 18:57:53 |သတင်းအရင်းအမြစ် 云南日报

“ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ပဋိညာဥ်စာချုပ်” ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသော နိုင်ငံများ အစည်းအဝေး (COP15) ကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အိမ်ရှင် ကူမင်းမြို့သည် ပြင်ဆင်မှုအသီးသီး၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ပြင်ဆင်မှုများအနက် ကူမင်းမြို့သည် COP15 အခမ်းအနားအား ကြိုဆိုရန် မြို့တွင်း အဓိကနေရာများ၊ အဓိကလမ်းများ၌ သုံးဖက်မြင်ပန်းပွင့်ကုတင်အစုံ ၁၀၀ ကို စီစဉ် ထားကြောင်း၊ ယူနန်ဟိုင်ကိန်ခန်းမကြီး၏ အနောက်ဘက်ရင်ပြင်၌ စိမ်းလန်းဥဒေါင်း တစ်ကောင်နှင့် ဖီးနစ် တစ်ကောင် ပုံသန်ရှိ ပန်းပွင့်အိပ်ရာ ဖန်တီးထားပြီး ကူမင်းမြို့၏ လှပသော ရှုခင်းတစ်ခု ဖြစ်လာကြောင်း သိရပါသည်။