မြန်မာနိုင်ငံသည် ကမ်းခြေစောင့်တပ်ဖွဲ့(MCG) ဖွဲ့စည်း

2021-10-09 11:27:29 |သတင်းအရင်းအမြစ် 新华网

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားကို ဒေသစံတော်ချိန် အောက်တိုဘာလ ၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း၌ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ဥပဒေကျင့်သုံးမှုစွမ်းအားကို တိုးမြှင့်၍ ပင်လယ်ပြင် လုံခြုံမှုကို အာမခံ ပေးနိုင်မည် ဖြစ်ကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပင်လယ် သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေး၊ ပင်လယ် ရေကြောင်း ကာကွယ်ရေး၊ ပင်လယ်ပြင် ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေး၊ ပင်လယ်ပြင် နိုင်ငံတကာ ကုန်သွယ်ရေး လုံခြုံမှု ကာကွယ်ရေး အပါအဝင် တာဝန်များကို ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။