အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာပဠိညဥ်စာချုပ် ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများ အစည်းအဝေး (COP 15) ၏ ပထမပိုင်းအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပလျက်ရှိပြီး ယခုရက်ပိုင်းတွင် ကူမင်းမြို့သည်လည်း မိမိ၏ သာယာလှပမှုဖြင့် နေရာအသီးသီးမှ ဧည့်သည်များကို ကြိုဆိုနေပါကြောင်း သတင်းအရ သိရပါသည်။
ယခုအကြိမ် COP15၏ အဓိကခေါင်းစဥ်သည် “မြေကမ္ဘာကြီးသက်ရှိများ၏ ကံကြမ္မာတူ အသိုက်အဝန်းကို အတူတကွတည်ဆောက်ခြင်း”ဖြစ်ပြီး လာမည့် ၁၀ နှစ်အတွင်း တစ်ကမ္ဘာလုံး၏ ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ထိန်းချုပ်ရေးစီမံကိန်းသည် ယခုအစည်းအဝေးမှ ဖြစ်ပေါ်လာမည်ဖြစ်သည်။