တရုတ်နိုင်ငံ၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် မြေအောက်ရထားဘူတာတည်ဆောက်

2021-11-02 14:40:28 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အ‌‌‌‌‌ရှေ့ပိုင်းဆန်းတုန်းပြည်နယ်ချင်းသောင်မြို့တွင် တရုတ်နိုင်ငံ၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် ဆောက်လုပ်မည့် မြေအောက်ရထားဘူတာကို အောက်တိုဘာလ ၂၉ ရက်တွင် တပ်ဆင်ခဲ့သည်။

ဘူတာ၏ အဓိကကိုယ်ထည်ပိုင်း၊ ယက်မများ၊ အုပ်ညှပ်များနှင့် ထောက်တိုင်များအားလုံးကို အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများထုတ်လုပ်ကာ တည်ဆောက်သည့်နည်းပညာဖြင့် ဆောက်လုပ်ခြင်းဖြစ်ရာ အချိန်ကုန်သက်သာစေပြီး လုပ်သားအင်အားနှင့် ဆောက်လုပ်ရေး သုံးကိရိယာများကို ချွေတာနိုင်ခဲ့သည်။

ချင်းသောင် မြေအောက်ရထားလမ်းအမှတ် ၆ မှ ဥက္ကဌနှင့် အထွေထွေမန်နေဂျာဖြစ်သူ Liu Quanwei က “သမားရိုးကျဆောက်လုပ်ရေးနည်းစနစ်များနှင့် နှိုင်းယှဉ်ပါက နည်းပညာသစ်ကို သုံးပြီး ဆောက်လုပ်တာဖြစ်လို့ ကျွန်တော်တို့အတွက် အချိန် ၄ လကနေ ၆ လခန့်အထိ သက်သာစေခဲ့ပြီး လုပ်သားအင်အား ၈၀ ရာခိုင်နှုန်းကျော်လျှော့ချနိုင်ခဲ့ပါတယ်။ စွမ်းအင်သုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအပိုင်းက ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ဟာ သံမဏိတန်ချိန်ပေါင်း ၈၀၀ တန်နှင့် ၁၀ မီတာအမြင့်ရှိတဲ့ သစ်ပင်ပေါင်း ၈၀၀ ပင်နှင့်ညီမျှတဲ့ သစ်သား ကုဗမီတာပေါင်း ၈၀၀ ကျော်ကို သက်သာစေခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်း ၆၀ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်ခဲ့ပါတယ်” ဟုပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)