ကူမင်းမြို့တွင် အသက် ၃ နှစ်မှ ၁၁ နှစ်ထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံပေးနေ

2021-11-11 18:49:57 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၆ ရက်နေ့တွင် ကူမင်းမြို့၌ အသက် ၃ နှစ်မှ ၁၁ နှစ်ထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရပါသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ထိုးနှံပေးခြင်းလွှမ်းခြုံမှုကို ပိုမိုတိုးမြှင့်ရန် ကူမင်းမြို့သည် အသက် ၁၂ နှစ်အထက် ပြည်သူများ ကာကွယ်ဆေးထိုးခြင်းတွင် ကောင်းမွန်သောအလုပ်များကို ဆက်လက်လုပ်ဆောင်ခြင်းကို အခြေခံ၍ အသက် ၃ နှစ်မှ ၁၁ နှစ်ရှိ ကလေးသူငယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အပြည့်အဝ စတင်လျက်ရှိကြောင်း သိရပါသည်။ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်လိုအပ်ချက်များအရ အသက် ၃ နှစ်မှ ၁၁ နှစ်ထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မူအရ တရားဝင်အုပ်ထိန်းသူများသည် ထိုးနှံပေးခြင်းလုပ်ငန်းစဉ် တစ်ခုလုံးတွင် လိုက်ပါရန်လိုအပ်ကြောင်း သိရပါသည်။