ဟော်ရွှင်တုံးကို ၁၉၉၇ ခုနှစ်တွင် ဟူနန်ပြည်နယ်၊ ရွက်ယန်မြို့ အရှေ့ဘက် တုံ့ထင် ရေကန်ကြီး၌ တံငါသည်မိသားစုတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ဖခင် ဟောတာမင်းနှင့်အတူ ငါးဖမ်းခဲ့ဖူးသည်။ ၂၀၀၃ ခုနှစ်တွင် ဟောတာမင်းသည် တုံ့ထင် ရေကန်ကြီးတွင် ဒဏ်ရာရနေသော လင်းရှူး မိခင်နှင့်ကလေးများကို ကယ်တင်၍ ရောဂါပျောက်ကင်းပြီး ပြန်လွတ်လာသည်အထိ ၄ လကြာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ အဆိုပါအဖြစ်အပျက်သည် ဂေဟစနစ်ကို အကာအကွယ် ပေးနိုင်ကြောင်း ဟောတာမင်းကို သဘောပေါက်စေခဲ့သည်။ ပြီးနောက် သူသည် လင်းရှူး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဦးဆောင်ခဲ့၍ တံငါသည်များကို ပိုမိုပါဝင်ရန် ဆွဲဆောင်ခဲ့ရုံ သာမက လူ့အဖွဲ့အစည်း၏ ကဏ္ဍပေါင်းစုံမှ ပံ့ပိုးကူညီမှုများလည်း ရရှိခဲ့ကာ ရွက်ယန်မြို့ အရှေ့ဘက် တုံ့ထင် ရေကန်ကြီး ဂေဟစနစ်ကာကွယ်စောင့်ရှောက်ရေးအသင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်လာပါသည်။