တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် လေနှင့်နေရောင်ခြည်စသည့်စွမ်းအားများ ပေါကြွယ်သကဲ့သို့ ဧရိယာ ကျယ်ပြန့်သည့် သဲကန္တာရလည်း ရှိသဖြင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရန် အားသာချက်များရှိပါသည်။ ယခုနှစ်ပိုင်းတွင် ကန်းစုပြည်နယ်သည် နေရောင်ခြည်စွမ်းအင်ကို တက်ကြွစွာ ဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ၊ နေရောင်ခြည်စွမ်းအင်စက်တပ်ဆင်မှုစွမ်းအား ၂၅.၂၀ သန်း ကီလိုဝပ်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ကီလိုဝပ် သန်း ၈၀ ရောက်ရှိနိုင်မည်ဟု ကြိုတင်ခန့်မှန်းထားပါသည်။ အဆိုပါဆောင်ရွက်ချက်သည် စီးပွားရေးဖြစ်ထွန်းစေသကဲ့သို့ သဘာဝပတ်ဝန်းကျင်အတွက်လည်း အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။