ကောက်ညှင်းဆန်စပါးရိတ်သိမ်း၊ တိုင်လူမျိုးတို့ ရိုးရာအစားအစာ“ဟောင်းမောင်”နေရာအနှံ့ မွှေးကြိုင်

2022-09-14 20:54:39
အရင်းအမြစ်:盈江县傣学学会

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်း ခရိုင်တွင် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်တိုင်းတွင် ဝီရိယရှိသော တိုင်လူမျိုးတို့သည် ကောက်ညှင်းဆန်စပါးများကို လက်တစ်ဆုပ်စာ စည်းကာ ချည်နှောင်ကြသည်။ စပါးခွံ အနည်းငယ် စိမ်းသေးသော ကောက်ညှင်းဆန်ကို အသေးစိတ် ရွေးချယ်ပြီး တိုင်လူမျိုးတို့ ရိုးရာအစားအစာ“ဟောင်းမောင်”ကို ပြုလုပ်လေ့ရှိပါသည်။


“ဟောင်းမောင်”သည် တိုင်လူမျိုးတို့၏ဘာသာစကားဖြစ်ပြီး တရုတ်ဘာသာစကားဖြင့် "ဆန်ပြား" ဟု အဓိပ္ပာယ်ရကြောင်း အိုက်မေသည် “ဟောင်းမောင်”ပြုလုပ်ရင်းနှင့် ပြောပြပါသည်။ “ဟောင်းမောင်” ထောင်းခြင်းမှာ ရှေးယခင်က ကောက်ရိတ်သိမ်းပွဲ ဂုဏ်ပြုဆင်နွှဲရန် တိုင်လူမျိုးလူငယ်အမျိုးသားနှင့် အမျိုးသမီးတို့သည် အချင်းချင်း ချိန်းတွေ့ကာ စားကောင်းသောက်ဖွယ်များ ပြုလုပ်သည့်လှုပ်ရှားမှုတစ်ခု ဖြစ်ပေသည်။ တိုင်လူမျိုးတို့၏ ရိုးရှင်းမှု၊ အလုပ်ကြိုးစားမှု၊ အကောင်းမြင်မှုရှိသော ဘဝသဘောထားကို ထင်ဟပ်စေပြီး ပိုမိုကောင်းမွန်သောဘဝအတွက် လိုက်ရှာရန်နှင့် တောင့်တရန်လည်း ဖော်ပြနေခြင်းပင် ဖြစ်သည်။


(ဆောင်းပါးအရင်းအမြစ် - ရင်ကျန်းခရိုင် တိုင်လူမျိုးအကြောင်းလေ့လာရေးအသင်း၊ ဘာသာပြန် - Yunnan gateway)

ကောက်ညှင်းဆန်စပါးရိတ်သိမ်း၊ တိုင်လူမျိုးတို့ ရိုးရာအစားအစာ“ဟောင်းမောင်”နေရာအနှံ့ မွှေးကြိုင်