တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့ကို လာပြီး အသီးအနှံများကို အခမဲ့ မြည်းစမ်းကြည့်ကြစို့

2023-06-20 15:50:16
အရင်းအမြစ်:瑞丽市融媒体中心

ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ရွှေလီမြို့ စည်ပင်သာယာရေးဘက်စုံဥပဒေစိုးမိုးရေးတပ်ဖွဲ့သည် မြို့ပြစိုက် ရှုခင်းသစ်ပင်များမှ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော သစ်သီးဝလံများကို နုံမိုးရေကန်ဥယျာဥ်၏ ဂိတ်ဝတွင် ဒေသခံပြည်သူပြည်သားများနှင့် ခရီးသွားဧည့်သည်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ပါသည်။

ဖြန့်ဝေသည့်နေရာ၌ ဒေသခံပြည်သူပြည်သားများနှင့် ခရီးသွားဧည့်သည်များက သရက်သီးများကို လက်ခံရယူရန် စနစ်တကျ တန်းစီနေပါသည်။ လက်ခံရယူသည့် လူတိုင်းက သရက်သီးများကို ပျော်ရွှင်စွာ စားသုံးပြီး အချင်းချင်း ချီးမွမ်းကြသည်။

ယခုအချိန်သည် အသီးအနှံများ ရင့်မှည့်သော ရာသီဖြစ်ပြီး ရွှေလီမြို့၏ လမ်းများတစ်လျှောက်တွင် စိုက်ထားသည့် စိမ်းလန်းသော သီးပင်စားပင်များသည် အသီးအနှံများ ပြည့်နှက်နေပါသည်။ ဒေသခံပြည်သူပြည်သားများ ကျပန်းခူးဆွတ်မှုကြောင့် လမ်းဘေးသစ်ပင်များ ထိခိုက်ပျက်စီးခြင်းမှ ကင်းဝေးစေရန် အသီးမှည့်ချိန်တိုင်း ရွှေလီမြို့ စည်ပင်သာယာရေးဘက်စုံဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ အစိုးရဝန်ထမ်းများအား စည်းရုံးဖွဲ့စည်းပြီး ကျွမ်းကျင်သော ဆွတ်ခူးခြင်းကိရိယာများကို အသုံးပြု၍ ဒေသခံပြည်သူပြည်သားများအတွက် ဖြန့်ဝေပေးပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)

တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့ကို လာပြီး အသီးအနှံများကို အခမဲ့ မြည်းစမ်းကြည့်ကြစို့