ရှီကျင့်ဖိန်သည် ကိုလံဘီယာ သမ္မတနှင့် တွေ့ဆုံ၊ နှစ်နိုင်ငံ ဆက်ဆံမှုကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ကြောင်း ကြေညာ

2023-10-26 18:18:25
အရင်းအမြစ်:国际在线

အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တိုင်းရေးပြည်ရာ ကိစ္စဖြင့် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်နေသော ကိုလံဘီယာ သမ္မတ Pedro နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က တရုတ်နှင့် ကိုလံဘီယာ ဆက်ဆံမှုကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ကြောင်း ကြေညာခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ကိုလံဘီယာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၃ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲ စမ်းသပ်မှုများကို ခံနိုင်ခဲ့ပြီး ဆက်တိုက် ကောင်းမွန်စွာ တိုးတက် လာကြောင်း၊ နှစ်ဖက်တို့သည် အမြုတေကျသော အကျိုးစီးပွားနှင့် အရေးကြီး ရေးရာများတွင် အပြန်အလှန် နားလည် ထောက်ခံပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုများ ဇောက်ချ တိုးမြှင့်လာကာ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သည့်၊ အတူ ဖွံ့ဖြိုးတိုးတက်သည့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Pedro က ပိုမို ခင်မင်ရင်းနှီးသော ကိုလံဘီယာ-တရုတ် ဆက်ဆံမှု တိုးတက်ခြင်းသည် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် ကိုလံဘီယာ သမ္မတနှင့် တွေ့ဆုံ၊ နှစ်နိုင်ငံ ဆက်ဆံမှုကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ကြောင်း ကြေညာ