ယူနန်ပြည်နယ်သည် ပြည်နယ်ဖြတ်ကျော် ရွေ့ပြောင်းအလုပ်သမားများကို စုစည်းပြီး လုပ်ငန်းခွင်ရှိရာသို့ ပြန်လည်ပို့ဆောင်ပေးနေ

2020-02-27 18:08:19 |သတင်းအရင်းအမြစ် 云桥网

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ယူနန်ပြည်နယ် ဟွေးဇီခရိုင်ရှိ ပထမအသုတ်ဖြစ်သော အလုပ်သမား ၆၁ ဦးသည် အထူးယာဉ်ကားဖြင့် ကျယ့်ကျန်းမြို့ ရှောင့်ရှင်းမြို့ရှိ အလုပ်ခွင့်သို့ ထွက်သွားစဉ်။

လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် နေရာများစွာသည် လမ်းပန်းဆက်သွယ်ရေးယာယီဆိုင်းငံ့လိုက်ရာ တရုတ်နိုင်ငံအခြားသော ပြည်နယ်နှင့်ဒေသမှ တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ်သို့ နှစ်သစ်ကူးရန် အိမ်ပြန်လာသော ရွေ့ပြောင်းအလုပ်သမားများသည် မိမိလုပ်ငန်းခွင်သို့ မပြန်နိုင်ခဲ့ကြပါ။ လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါအခြေအနေကို ကာကွယ်ထိန်းသိမ်းလာနိုင်သည်နှင့်အမျှ တရုတ်နိုင်ငံရှိ ထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သော ကွန်တုန်း၊ ဖူကျန့်၊ ကျယ့်ကျန်းစသည့် ပြည်နယ်ရှိ ကုမ္ပဏီများသည် လုပ်ငန်းခွင်ပြန်လည်လည်ပတ်နေပြီဖြစ်ရာ အလုပ်သမားများစွာ လိုအပ်လျက်ရှိနေပါသည်။