ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယူနန်ပြည်နယ်ရှိ အလုပ်သမာများသည် အထူးမီးရထားဖြင့် ကွန်တုန်းပြည်နယ်ရှိ အလုပ်ခွင့်သို့ ထွက်သွားစဉ်။
ယူနန်ပြည်နယ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် “အထူးယာဉ်”ဖြင့် လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးခြင်းစတင်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် “အထူးမီးရထား”ဖြင့်လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးခြင်းစတင်ဆောင်ရွက်ကြောင်း သတင်းအရသိရပါသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထိ လုပ်ငန်းခွင်သို့ အလုပ်ပြန်ဆင်းသောကျေးရွာ ရွေ့ပြောင်းအလုပ်သမားဦးရေမှာ ၄၆.၀၁ သိန်းရှိပြီး ယူနန်ပြည်နယ်သည် အထူးလေယာဉ် ၁၂ စီး၊ အထူးမီးရထား ၂၁ စီး၊ အထူးယာဉ် ၅၂၆၂ စီးဖြင့် အလုပ်သမား ၁.၇ သိန်းကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။
သတင်းအရင်အမြစ်။ ။ Yunnan Gateway