ယူနန်ပြည်နယ်သည် ပြည်နယ်ဖြတ်ကျော် ရွေ့ပြောင်းအလုပ်သမားများကို စုစည်းပြီး လုပ်ငန်းခွင်ရှိရာသို့ ပြန်လည်ပို့ဆောင်ပေးနေ

2020-02-27 18:08:19 |သတင်းအရင်းအမြစ် 云桥网

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ယူနန်ပြည်နယ် မော့ကျန်းခရိုင်ရှိ အလုပ်သမား ၄၀ ဦးသည် အထူးယာဉ်ကား ၂ စီးဖြင့် ဖူကန့်ပြည်နယ်ရှိ အလုပ်ခွင့်သို့ ထွက်သွားစဉ်။

“ယူနန်ပြည်နယ်မှ အလုပ်သမားများကို တရုတ်နိုင်ငံကမ်းရိုးတန်းပြည်နယ်များတွင် များစွာကြိုဆိုခံနေရပြီး ကုမ္ပဏီများက အထူးလေယာဉ်၊ အထူးမီးရထား၊ အထူးယာဉ်များဖြင့် အလုပ်သမားများကို ကြိုပို့တယ်။”ဟု Biel Crystal Manufactory Limited မှ HR manager ယက်ကျင့်ဇွန်းက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြောပြသည်။ Biel Crystal Manufactory Limited ကုမ္ပဏီသည် ကွန်တုန်းပြည်နယ် ဟွေ့ကျိုးမြို့နှင့်ရှိန်းကျင့်မြို့မှာ ကုမ္ပဏီခွဲ ၄ ခုရှိပြီး အလုပ်သမားဦးရေ ၁.၂ သိန်းရှိကာ ယူနန်ပြည်နယ်မှ အလုပ်သမားဦးရေမှာ ၀.၁၂ သိန်းဝန်းကျင်ရှိကြောင်း သတင်းအရသိရပါသည်။