ပိုင်ကျုံးကွေ့က ကြွေထည်မြေထည်ကို ထုတ်လုပ်စဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် တင်းနင်က ရိုက်ကူးသည်။
လက်ဖက်ရည်အိုး၊ နံ့သာပေါင်းမီးရှို့အိုး၊ မီးအိမ်၊ အပူအိုး၊ အကြော်အိုး၊ ဘောပင်အိုး…စသည်တို့ “ကျွန်တော်က လက်ရာနဲ့ ပုံတွေကို မြင်ရတာနဲ့ ပြန်ပြီးထုတ်လုပ်နိုင်ပါတယ်။”လောင်လော်ကယုံကြည်စိတ်အပြည့်ဖြင့် ပြောကြားပါသည်။ မြေယူခြင်း၊ ရေရောရွံ့နယ်ခြင်း၊ ပုံထုတ်ခြင်း၊ မီးမြိုက်ခြင်းစသော ကြွေထည်မြေထည်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များကို စိတ်ရှည်လက်ရှည်သတိကြီးစွာ လုပ်ဆောင်ရသည်။ ၂၀၁၄ ခုနှစ်တွင် လောင်လော်သည် ဧရိယာစတုရန်းမီတာ ၁၀၀၀ ရှိသောစက်ရုံကို ပြုပြင်သည့်အပြင် ဧရိယာစတုရန်းမီတာ ၁၁၀၀ ရှိသောစက်ရုံအသစ်ကို စီစဉ်တည်ဆောက်ပါသည်။ ထို့အပြင် ခွဲကြိတ်စက်ကို ၀ယ်ယူပြီး လက်ရာမြောက်သော ၀န်ထမ်းများကို ခန့်ထားပါသည်။ “လက်ရှိစက်ရုံလည်ပတ်ဝင်ငွေမှာ ယွမ် ၇ သိန်းကျော်ရှိပြီး ကုန်ကျစရိတ်နဲ့ လုပ်ခလစာမပါရင် တစ်နှစ်အတွင်းမှာ တရုတ်ယွမ်ငွေ ၂ သိန်းလောက် ၀င်ပါတယ်။”