၂၀၁၉ ခုနှစ် ယူနန် လင်ရှန် နိုင်ငံတကာကြွေထည်မြေထည်ထုတ်လုပ်ရေးစခန်းတွင်ကျွမ်းကျင်အနုပညာရှင်က လက်ရာကို ထုတ်လုပ်နေစဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် တင်းနင်က ရိုက်ကူးသည်။
ကြွေထည်မြေထည်အနုပညာ၏ အနာဂတ်အတွက် လောင်လော်က ယုံကြည်စိတ်အပြည့်ရှိပါသည်။“စက်ရုံမှာ အနာဂတ်တွင် ပိုမိုစက်မှုထွန်းကားလာပြီး ပိုမိုကောင်းမွန်လာမည်ကို မျှော်လင့်ပါတယ်။ အစိုးရမှ ကူညီထောက်ပံမှု၊ ဆရာရင့်နဲ့ ဆရာပိုင်တို့လို ဆရာကြီးများမှ ကူညီမှုများရရှိတဲ့အတွက်ကြောင့် ချင်းရှင်းကြွေထည်မြေထည်အနုပညာစက်ရုံရဲ့ အနာဂတ်က ပိုမိုကောင်းမွန်လာမည် လို့ ကျွန်တော် ယုံကြည်ပါတယ်။”ဟု လောင်လော်က ပြောကြားပါသည်။