၂၀၁၉ ခုနှစ်ယူနန် လင်ရှန် နိုင်ငံတကာကြွေထည်မြေထည်ထုတ်လုပ်ရေးစခန်းမှာ ကျွမ်းကျင်အနုပညာရှင်များက လက်ရာကို ၀ိုင်းဝန်းထုတ်လုပ်နေစဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် တင်းနင်က ရိုက်ကူးသည်။
ဝမ်ရောင်ကျေးရွာတွင် လောင်လော်ကဲ့သို့သော ငယ်စဉ်ကတည်းကကြွေထည်မြေထည်ပြုလုပ်ရန် သင်ယူကြသည့် ရွာသူရွာသားများစွာ ရှိပါသည်။
ဝမ်ရောင်ကျေးရွာသည် ယူနန်ပြည်နယ် လင်ချန်းမြို့ လင်ရှန်ရပ်ကွက် ဘော်ရှန့်မြို့နယ်တွင် တည်ရှိပြီး ကြွေထည်မြေထည်လုပ်ငန်းသမိုင်းကြောင်းမှာ ရှည်ကြာလှပါသည်။ ခေတ်အဆက်ဆက်ဆက်ခံလာသော ကြွေထည်မြေထည်လက်ရာသည် နှစ်ပေါင်း ၃၀၀ ကျော်ရှိပြီဖြစ်သည်။ ယခု ၀မ်ရောင်ကျေးရွာသည် ကြွေထည်မြေထည်လက်ရာမြောက်သူများလှသည်။ လွန်ရောင်(နဂါးပုံကြွေထည်မြေထည်မီးမြိုက်သောမီးဖိုကြီး)သည် အတိုင်းအတာကြီးလှသဖြင့် “တစ်ရွာလုံးမှာရွှံ့နယ်၊ ကျားမမရွေးမြေထည်လုပ်”သောအခြေအနေဖြစ်လာပါသည်။