ချင်းရှင်းကြွေထည်မြေထည်အနုပညာစက်ရုံမှူး လော်ရှင်းချင်းကို တွေ့ရစဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် တင်းနင်က ရိုက်ကူးသည်။
ရင့်ချောင်ပင်းအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးက လက်ရာများကို ကြွေထုတ်မီးဖိုမှ ထုတ်ယူစဉ် glaze အရောင်သည် ကြွေအိုးပေါ်မှာ စီးဆင်းနေချိန်ဖြစ်ပါသည်။ ရင့်ချောင်ပင်းသည် ဟယ်နန်ပြည်နယ် ကျင့်ကျိုးမြို့မှာ နေပြီး ကျွင်းကြွေ(ဟယ်နန်ပြည်နယ် အထူးထွက်ကြွေဖြစ်ပါသည်) glaze အရောင်ဆိုင်ရာပြောင်းလဲခြင်းနှင့် ကြွေဒီဇိုင်းကို များစွာလေ့လာခဲ့သည်။ ယူနန်ပြည်နယ်သို့ ရောက်ရှိလာသော ၁၀ နှစ်အတွင်းတွင် တိုင်းရင်းသားကျေးရွာ ၄၀ ကျော်ကို လေ့လာကြည့်ရှုခဲ့ပြီး ယူနန်ပြည်နယ် တိုင်းရင်းသားလူမျိုးဓလေ့ထုံးစံအလှကို ကိုယ်ပိုင်လက်ရာတွင် ထည့်သွင်းပြုလုပ်ပါသည်။