ရွာသားလောင်လော်နှင့် သူ့“ကြွေထည်မြေထည်မိတ်ဆွေ”များ

2019-11-25 18:21:01 |သတင်းအရင်းအမြစ် 新华网

ရင့်ချောင်ပင်းနှင့် ပိုင်ကျုံးကွေ့တို့က ကြွေထည်မြေထည်ကို ထုတ်လုပ်စဉ်။ ဓာတ်ပုံကိုဆင်ဟွာသတင်းဌာနမှ သတင်းထောက် တင်းနင်ကရိုက်ကူးသည်။

လတ်တလောရက်ပိုင်းမှာ လောင်လော်ကိုယ်တိုင်တည်ထောင်အုပ်ချုပ်သော ကြွေထည်မြေထည်စက်ရုံတွင် အလုပ်သမားဝန်ထမ်းများနှင့် မတူသောကြွေထည်မြေထည်ဆရာများကို မြင်တွေ့နိုင်ပါသည်။ တစ်ဦးက လားဟူးတိုင်းရင်းသားလူးမျိုး ရိုးရာရှပ်အင်္ကျီကို ၀တ်ဆင်သော်လည်း ဒေသခံမဟုတ်ပေ။ နောက်တစ်ဦးက ရှည်လျားသောအင်္ကျီကို ၀တ်ဆင်ထားပြီး ဆံပင်ရှည်ရှည်နှင့် ဖြစ်ပါသည်။ သူတို့သည် စက်ရုံဝန်ထမ်းများနည်းတူ ကြွေထည်ထုတ်စက်ရှေ့တွင် ထိုင်နေပြီး တစ်နေ့လုံးအလုပ်ရှုပ်နေကာ နားချိန်မရှိပေ။

သူတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ် ယူနန် လင်ရှန် နိုင်ငံတကာ ကြွေထည်မြေထည်ထုတ်လုပ်ရေးစခန်းမှ ဖိတ်ကြားခြင်းခံရသည့် ယူနန်ပြည်နယ် လင်ချန်းမြို့ ၀မ်ရောင်ကျေးရွာသို့ ရောက်ရှိနေသော ကြွေထည်မြေထည် ကျွမ်းကျင်အနုပညာရှင် ရင့်ချောင်ပင်းနှင့် ပိုင်ကျုံးကွေ့ ဖြစ်ပါသည်။ ဤတစ်ကြိမ်မှာ သူတို့သည် ရုရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံစသည့် ၅ နိုင်ငံနှင့် ပြည်တွင်းမှ လာရောက်သော ကြွေထည်မြေထည်အနုပညာရှင် ၄၀ ဦးနှင့်အတူ ၀မ်ရောင်ကျေးရွာသို့ ရောက်ရှိလာကြပြီး ရွာသူရွာသားများနှင့်အတူ“မြေထည်ကို ပြုလုပ်”ကြပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006