ရွာသားလောင်လော်နှင့် သူ့“ကြွေထည်မြေထည်မိတ်ဆွေ”များ

2019-11-25 18:21:01 |သတင်းအရင်းအမြစ် 新华网

၂၀၁၉ ခုနှစ် ယူနန် လင်ရှန် နိုင်ငံတကာကြွေထည်မြေထည်ထုတ်လုပ်ရေးစခန်းမှာ ကျွမ်းကျင်အနုပညာရှင်များက လက်ရာကို ၀ိုင်းဝန်းထုတ်လုပ်နေစဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် တင်းနင်က ရိုက်ကူးသည်။

၂၀၀၅ ခုနှစ်တွင်ရိုးရာကြွေထည်မြေထည်ပြုလုပ်သော ၀မ်ရောင်ကျေးရွာသည် လင်ချန်းမြို့မှ သတ်မှတ်ထားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်စောင့်ရှောက်သောစီမံကိန်း ဖြစ်လာပါသည်။ ၂၀၁၁ ခုနှစ်မှာ ၀မ်ရောင်ကျေးရွာလွန်ရောင်သည် လင်ချန်းမြို့ မြို့အဆင့်ယဉ်ကျေးမှုကာကွယ်စောင့်ရောက်သော ဌာနဖြစ်လာပါသည်။ တစ်ရွာလုံးမှာ လွန်ရောင် ၁၃ ခုရှိပြီး မြေထည်လက်ရာမြောက်သူ ၁၄ ဦးသည် မှတ်ပုံတင်လျှောက်ထား၍ ၎င်းအတွင်းပြည်နယ်အဆင့် ဆက်ခံသူ ၂ ဦး၊ မြို့အဆင့် ဆက်ခံသူ ၂ ဦး၊ ရပ်ကွက်အဆင့် ဆက်ခံသူ ၁၀ ဦးရှိပါသည်။ လက်ရှိအချိန်မှာ ၀မ်ရောင်ကျေးရွာတွင် အိမ်ထောင်စု၅၁၃ စုရှိပြီး လူဦးရေမှာ ၁၉၆၄ ဦးရှိကာ ၇၂ အိမ်သည် ကြွေထည်မြေထည်ပြုလုပ်ရောင်းချ၍ ဤ ၇၂ အိမ်ထဲမှ ၁၄ အိမ်က ဆင်းရဲမွဲတေသော မိသားစုဖြစ်ပါသည်။ တစ်ရွာလုံးသည် တစ်နှစ်လုံးမြေထည် ၂ သိန်းကျော်ထုတ်လုပ်ပြီး မြေထည်လုပ်ငန်းဝင်ငွေမှာ ၃၅ သိန်းကျော်ရှိပြီး တစ်ရွာလုံးစုစုပေါင်းဝင်ငွေ၏ ၈.၄% ရှိပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006