ကြည်လင်သော မြစိမ်းရောင်တူလွန်မြစ်ကြီးကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ဂျောင့်ဖူဖန်က ဓာတ်ပုံရိုက်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တူလွန်ကျန်းကားလမ်းရှိ ကောင်းလီကုန့်ဆန်း ဥမင်သည် တစ်ဆက်တည်း ရှိလာလေတော့သည်။ အတိတ်ကာလက မြို့သို့ရောက်ရန် ၇ ရက် ၈ ရက် ခြေလျင်လျှောက်ရသည်။ ယခုအခါ တူလွန်ကျန်းကျေးရွာအုပ်စု နှင့် တူလွန်လူမျိုးများသည် နှစ်ဝက်ခန့် ဆီးနှင်းကြောင့် တောင်ပေါ်လမ်းပိတ်သော ဘဝမှ လွတ်မြောက်လာပြီး တစ်နေ့ထဲတွင် နေ့ချင်းပြန် သွားလာနိုင်ပါသည်။
“လမ်းပန်းဆက်သွယ်ရေး အခြေအနေ ကောင်းမွန်လာလို့ တူလွန်ကျန်းကျေးရွာအုပ်စုကို လာလည်တဲ့ ခရီးသည်လည်း ပိုများလာပါတယ်။ စားသောက်ဆိုင်နဲ့ တည်းခိုရိပ်သာ ရှိသလားလို့ ခရီးသည်များက မေးနေကြပါတယ်။ ” စီးပွားဉာဏ်ရှိသော ကောင်းကျန့်လျင်သည် ကုန်သွယ်ရေးအခွင့်အရေးကိုဆုပ်ကိုင်၍ ငွေထုတ်ချေးပြီး (အိမ်ဝင်းပါသော) အိမ် တစ်အိမ် ဝယ်ခဲ့သည်။ ဤအိမ်ဝင်းက နံရံ၊ အိမ်ဝင်း၊ အိုးအိမ်များကို အသစ်ဖြစ်အောင် ပြန်လည်ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တည်းခိုရိပ်သာလုပ်ငန်း စလုပ်ခဲ့ပါသည်။
“အရောင်းအဝယ် တွင်ကျယ်ပါတယ်။ အထူးသဖြင့် ခရီးသွားရာသီမှာ အလုပ်များချိန်ဆို နိုင်တောင်မနိုင်ဘူး။” တည်းခိုခန်းမဖွင့်မီကာလက ကောင်းကျန့်လျင်မိသားစုသည် တခြားရွာသူရွာသားများနည်းတူ တရုတ်ဖာလာကြီး၊ ပြောင်းဖူးနှင့် အာလူးများ စိုက်ပျိုးပြီး အသက်မွေးပါသည်။ တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်ပြီးနောက်ပိုင်းတွင် ဝင်ငွေ အဆများစွာ တိုးမြှင့်လာပါသည်။