လှပသော မြစိမ်းရောင်တူလွန်မြစ်ကြီးကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ဂျောင့်ဖူဖန်က ဓာတ်ပုံရိုက်သည်။
ခရီးသည်များလာသည်နှင့်အမျှ ပြဿနာများလည်း တွဲပါလာသည်။ တူလွန်ကျန်းခရီးသွားလုပ်ငန်းသည် လုပ်ငန်းသစ်ဖြစ်သောကြောင့် အခြေခံတပ်ဆင်ထားသော အသုံးအဆောင်ပစ္စည်း မကောင်းခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာကုန်ပစ္စည်း တစ်မျိုးတည်းသာရှိခြင်းနှင့် ဧည့်ခံမှုအားနည်းခြင်းကြောင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု လိုအပ်ချက်နှင့် ပြသနာအချို့ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ထိ တူလွန်မြစ်ရှုခင်းသာဇုန်အား ယာယီပိတ်ပြီး အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါသည်။
ကောင်းကျန့်လျင်၏ တည်းခိုခန်းလည်း ယာယီ ပိတ်လိုက်သည်။ တည်းခိုခန်းပိတ်ထားသော ၂ နှစ်တွင် သူသည် တရုတ်ဖာလာကြီးကိုစိုက်ပျိုးပြီး တည်းခိုခန်း ပြန်ဖွင့်နိုင်ရန် ပြင်ဆင်မှုများလုပ်ဆောင်ပါသည်။ ဤကာလတွင် ကုန့်ဆန်းခရိုင် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာန၏ စီစဉ်မှုအရ ကောင်းကျန့်လျင်သည် ပီကင်းသို့ရောက်ပြီး ဧည့်လမ်းညွှန်လုပ်ငန်းနှင့်ပတ်သက်သော လေ့ကျင့်ပျိုးထောင်ရေးသင်တန်းကို တက်ရောက်ခဲ့ပါသည်။ “တည်းခိုခန်းယာယီပိတ်ထားတဲ့ အချိန်မှာ ကျွန်တော် တကယ်ကို စိတ်အားငယ်ခဲ့တယ်။ ဒါပေမဲ့ အနာဂတ်မှာ ခရီးသည် ပိုများလာမယ် ဆိုတာကို တွေးဆပြီး ကျွန်တော်မှာ ယုံကြည်စိတ်ရှိနေဆဲဖြစ်တယ်။”
တူလွန်မြစ်လျှိုမြောင်တွင် မူရင်းမပျက်မယွင်းသော သဘာဝ ဂေဟပတ်ဝန်းကျင်အခြေအနေ ပိုင်ဆိုင်ထားပြီး လျှိုမြောင်ကြီးနှင့် တောင်ပေါ် စိုထိုင်းသောမြေနိမ့်အရပ်တွင် လှပသောရှုခင်းသည် ဝိသေသလက္ခဏာ ထူးထူးခြားခြားရှိနေပြီး ရိုးရာဓလေ့ထုံးစံကိုလည်း ဖော်ပြနိုင်ပါသည်။ သို့သော် ကာလကြာရှည်စွာ သဘာဝသယံဇာတအားသာချက်သည် တူလွန်လူမျိုးများကို ချမ်းသာသောဘဝ မပေးစွမ်းနိုင်ပဲ ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့အကြားတွင် ကြီးမားသော ကွဲလွဲမှုများ ရှိနေပါသည်။