“ရှုခင်း”သည် “ချမ်းသာသောအနာဂတ်”ကို ဖြစ်လာပြီ--ဂေဟဗေဒခရီးသွားခြင်းသည် တူလွန်လူမျိုးများအတွက် ဝင်ငွေတိုးမြှင့်ရန်အကျိုးပေး

2019-12-10 18:03:45 |သတင်းအရင်းအမြစ် 新华网

တူလွန်မြစ်ကမ်းဘေးတွင် မြစိမ်းရောင်တောင်တန်းနှင့် မြစ်ချောင်းတလျှောက်ရှိ ရွာလေးများကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ဂျောင့်ဖူဖန်က ဓာတ်ပုံရိုက်သည်။

လူထုအတွက်“ရွှေတောင်ငွေတောင်ရှိပေမယ့်ဆင်းရဲမှုခံရသည်” ဟူသောအခြေအနေကိုတုံ့ပြန်သည့်အနေဖြင့်အဆိုပါဒေသသည်ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအပြန်အလှန်အကျိုးရှိစေသော”Win-Win” နည်းလမ်းကိုလေ့လာခဲ့ပါသည်။ကျေးရွာခရီးသွားလုပ်ငန်းအပါအဝင်ဂေဟဗေဒလုပ်ငန်းကိုအစွမ်းကုန်မြှင့်တင်ပေးပြီးတူလွန်မြစ်လူမှုရိုးရာဓလေ့ထုံးစံနှင့်သဘာဝအခြေအနေကိုဖော်ပြသောခရီးသွားမြို့နယ်နှင့်5A(အဆင့်) ရှုခင်းသာဇုန်ကိုတည်ဆောက်ခြင်းကိုအလျင်အမြန်အကောင်အထည်ဖော်ရန်တွန်းအားပေးပါသည်။နုကျန်းရှုခင်းသာကားလမ်း၊တူလွန်ကျန်းကားလမ်းလုံးခြုံရေးကာကွယ်လုပ်ငန်း၊တူလွန်မြစ်ဒေသတစ်ခုလုံးအဆင့်မြှင့်တင်ရန်လုပ်ငန်းများကိုလည်းတစ်ခုပြီးတစ်ခုဆောင်ရွက်နေပါသည်။ 

ယခုနှစ် နိုင်ငံတော်အမျိုးသားနေ့တွင် ပြန်လည်ပြုပြင်ပြောင်းလဲရန် ခေတ္တပိတ်ပြီးထားသော တူလွန်မြစ်(ဒေသ)ကို ခရီးသည်ဦးရေ ကန့်သတ်ပြီး ပြန်လည်ဖွင့်လှစ်ပါသည်။ ထို့အတူ ကောင်းကျန့်လျင်၏ တည်းခိုခန်းလည်း ပြန်ဖွင့်ပါသည်။ ကောင်းကျန့်လျင်နှင့် ဇနီး ဆီးရှုမေသည် အလုပ်တာဝန်ခွဲဝေ၍ ကောင်းကျန့်လျင်သည် ဧည့်သည်များကို အကြိုအပို့နှင့် ပစ္စည်းဝယ်တာဝန်များ ကို ထမ်းဆောင်ပြီး ဧည့်လမ်းညွှန်လည်း ဖြစ်ပါသည်။ သူ့ဇနီးသည် သန့်ရှင်းရေးနှင့် ဧည့်သည်များအတွက် အခန်းစီစဉ်ပေးခြင်းလုပ်ကိုင်ပြီး စားဖိုမှူးနှင့် စားဖိုမှူးလက်ထောက်ကိုလည်း ခန့်ထားပါသည်။

“အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲပြီးနောက် တူလွန်မြစ်ကိုလာတဲ့ ခရီးသည်က ပိုများတယ်။”ဟု ကောင်းကျန့်လျင်သည် သတင်းထောက်ကို ပြောပါသည်။ တည်းခိုခန်း ပြန်ဖွင့်ပြီးနောက် အရောင်းအဝယ် တွင်ကျယ်လာပါသည်။ အခန်းများ အပြည့်ရှိသော အချိန်လည်း ရှိပါသည်။ တည်းခိုခန်း ပြန်ဖွင့်သော ပထမလတွင် အမြတ်ငွေ ယွမ် ၂၀၀၀၀ ခန့်ရရှိခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006