တူလွန်မြစ် လမင်းရေတံခွနကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ဂျောင့်ဖူဖန်က ဓာတ်ပုံရိုက်သည်။
“ပိုကောင်းတဲ့ အခွင့်အလမ်းတွေအများကြီး ရှိသေးတယ်။ တဖြည်းဖြည်းတစ်စစ ပြည့်စုံအောင်လုပ်ရမယ်။” ကောင်းကျန့်လျင်တွင် အကြံတစ်ခု ရှိနေသည်။ တည်းခိုခန်းတွင် တူလွန်လူမျိုးယဉ်ကျေးမှု လက်တွေ့လေ့လာခံစားနိုင်သော လုပ်ငန်းတစ်ရပ်ကို လုပ်ရန် ကြံဆနေပါသည်။ ဧည့်သည်များ မူလ တူလွန်လူမျိုးဓလေ့ထုံးစံကို ခံစားနိုင်စေပြီး ကောင်းကျန့်လျင်သည် တရုတ်ဖာလာကြီး၊ ပျားရည်၊ ဆိတ်အူသဏ္ဌာန်မှိုနှင့် ဝါးမျှစ်ခြောက် စသော တူလွန်မြစ်ဒေသ ဂေဟစနစ်အထူးပြု ထွက်ကုန်များကိုလည်း ရောင်းချပါမည်ဖြစ်သည်။
တူလွန်ကျန်းကျေးရွာအုပ်စု၌ ကောင်းကျန့်လျင်ကဲ့သို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် ရွာသူရွာသားမနည်းပါ။ ဤ ၃-၄-၅ နှစ်တွင် တူလွန်ကျန်းကျေးရွာအုပ်စု၌ ထူးခြားချက်ဝိသေသရှိသော ခရီးသွားကျေးရွာလေး တည်ဆောက်ရေး လုပ်ငန်းသည် ဂေဟဗေဒလယ်ယာစိုက်ပျိုးရေးခရီးသွားခြင်း၊ တူလွန်လူမျိုး အစားအစာယဉ်ကျေးမှု ခံစားခြင်းနှင့် မူလရိုးရာဓလေ့ခံစားခြင်းများ ပါဝင်ပါသည်။ တချိန်တည်းတွင် သစ်တောသယံဇာတကို အပြည့်အဝအသုံးချပြီး သိပ္ပံနည်းကျလေ့လာရေးခရီးနှင့် လူနှင့်မြင်းများသွားလမ်းကြောင်း စသော ခရီးသွားလုပ်ငန်းရပ်ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ တချို့ရွာသူရွာသားကို ဆင်းရဲနွမ်းပါးမှုမှ ထိရောက်စွာ ကင်းလွတ်စေခဲ့ပါသည်။
“အနာဂတ်မှာ ပိုကောင်းမွန်တဲ့ဘဝအတွက် ပြုလုပ်ရမယ်၊ ကြိုးစားရမယ်။” တူလွန်မြစ်ဒေသ အခြေခံအဆောက်အဦများ စဉ်ဆက်မပြတ် ပြည့်စုံလာသည်နှင့်အမျှ ဧည့်သည်များပြားလာပြီး မိမိ၏တည်းခိုခန်းလုပ်ငန်းစီးပွားရေးလည်း ပိုကောင်းလာမည်ဟု ကောင်းကျန့်လျင် ယုံကြည်ပါသည်။
သတင်းထောက် ။ ။ လိုချွမ်းမင်၊ ဂျောင့်ဖူဖန်၊ ဖမ်းရွေ့ (ဆင်ဟွာသတင်းဌာန)