ရင့်ချောင်ပင်းက လောင်လော်အိမ်ရှိလွန်ရောင်မီးဖိုမှ လက်ရာကို ထုတ်ယူစဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ ပေးပို့သည်။
သို့သော် ပိုင်ကျုံးကွေ့သည် သုံးရောင်စပ်လက်ရာကို စိတ်ဝင်စားသည်။ “လောင်လော်အိမ်ရှိ လွန်ရောင်မီးဖိုက သက်တမ်း ၃၈ နှစ်ရှိပြီး မီးဖိုချွေးစုစည်းသည်မှာ အလွန်ကြွယ်ဝလှတယ်။ သို့သော်လည်း မည်သည့်နည်းဖြင့် မီးဖိုအတွင်းသန့်စင်ပြောင်းလဲမလဲ။ အပူချိန်ကို ဘယ်လိုထိန်းသိမ်းရမလဲ။ ထင်းကို ဘယ်လိုသုံးရမလဲ ဆိုသည့်လုပ်ငန်းစဉ်နည်းပညာတွေက လက်ရာအတွက် မတူကွဲပြားတဲ့ ပြောင်းလဲမှုကို ဖန်တီးပေးနိုင်တယ်။ နောက်ပိုင်းမှာ ၀န်ထမ်းများအတွက် သက်ဆိုင်ရာနည်းပညာကို သင်ပြပေးမယ်။”ဟု ပိုင်ကျုံးကွေ့က ပြောပါသည်။