ရင့်ချောင်ပင်းနှင့် ပိုင်ကျုံးကွေ့တို့က ရွာသူရွာသားများနှင့် ဆွေးနွေးနေစဉ်။ ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် တင်းနင်က ရိုက်ကူးသည်။
ရှေ့ပိုင်းရက်များတွင် လောင်လော်သည် ပိုင်ကျုံးကွေ့၏ လက်ရာကို ပုံစံယူပြီး အရောင်ရောထည့်ခြင်းလက်ရာ ၁၀ ခုကျော်ထုတ်လုပ်ပါသည်။“ပန်းအိုးသေးသေးလေးတစ်ခုက တရုတ်ငွေ ယွမ် ၁၀၀၀ ကျော်ရောင်းချနိုင်ပါတယ်။ လက်ရာမှာ ပိုမိုအနုစိတ်လက်ဝင်ပြီး အချိန်ကြာလှပေမယ့် အကျိုးများစွာရရှိပါတယ်။”ဟု လောင်လော်က သတင်းထောက်ကိုပြောပြပါသည်။