အာရှတိုက်စံချိန်တင် တာ့လီ-ရွှေလီရထားလမ်း ရူလင်းဥမင်လိုဏ်ခေါင်း ဖောက်လုပ်ပြီးစီး

2021-01-22 18:28:11 |သတင်းအရင်းအမြစ် 云南发布

၁၃ နှစ်ကြာ ကြိုးပမ်းတည်ဆောက်ခဲ့သာ တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ ရထားလမ်းပိုင်း တာ့လီ-ရွှေလီရထားလမ်း ရူလင်းဥမင်လိုဏ်ခေါင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့က ဖောက်လုပ် ပြီးစီးကြောင်း၊ အရှည် ၉၆၇၇ မီတာထိ တူးဖော်သည့်အတွက် အာရှတိုက် ရထားလမ်းကြောင်း တောတောင်များအကြား ဥမင်လိုဏ်ခေါင်း တဆက်တည်း တူးဖောက်သည့် အရှည်ဆုံး စံချိန်တင်ခဲ့ ကြောင်းသိရပါသည်။


ရူလင်းဥမင်လိုဏ်ခေါင်းသည် ယူနန်ပြည်နယ် တာ့လီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ရမ်ပိယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တည်ရှိပါသည်။ ၎င်း၏ စုစုပေါင်းအရှည် မှာ ၁၇.၆၂၃ ကီလိုမီတာရှိပြီး အလွန် ရှည်သော ဥမင်လိုဏ်ခေါင်းဖြစ်ပေသည်။ ယင်းလိုဏ်ခေါင်းသည် အာရှတိုက်တွင် အရှည်ဆုံး တဆက်တည်းတူးဖောက်သည့် ဥမင်လိုဏ်ခေါင်းဖြစ်ပြီး ဟိန်တွမ် တောင်တန်းဒေသ(The Hengduan Mountains)၊ ပြတ်ရွေ့ဇုန် ၇ ခုစသည်တို့အား ဖြတ်သန်းသွားသဖြင့် တည်ဆောက်ရာတွင် အလွန် ခက်ခဲပြီး ဆောက်လုပ်ရေးအချိန်မှာ အစပိုင်း ၅ နှစ်ခွဲမှ ၈ နှစ်မှ နောက်ပိုင်းတွင် ၁၃ နှစ်သို့ ပြန်လည်ညှိနှိုင်းခဲ့ပါသည်။


တာ့လီ-ရွှေလီ ရထားလမ်းသည် အရှေ့ပိုင်းတွင် တာ့လီမှ အနောက်ပိုင်းရှိ လန်ချမ်းမြစ်၊ နုကျန်းမြစ်စသည့် မြစ်ကြီးများ၊ ဟိန်တွမ် တောင်တန်းဒေသ အနောက်ပိုင်းရှိ ကောက်လီကုန်တောင်ကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ရွှေလီမြို့ကို ရှောက်ရှိသည်။ ယင်းရထားလမ်းကြောင်း၏ စုစုပေါင်းအရှည်မှာ ၃၃၀ ကီလိုမီတာရှိပါသည်။ ခရီးသည်တင်ရထားများ၏ ပြေးဆွဲသော အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၄၀ ကီလိုမီတာဖြစ်သည်။ တာ့လီ-ရွှေလီရထားလမ်းပြီးစီးပြီးနောက် စတင်ပြေးဆွဲ ချိန်တွင် တာ့လီမှ ရွှေလီသို့ သွားသောခရီးသည် ကားဖြင့် သွားသောအချိန် ၆ နာရီမှ ၂ နာရီခန့်ထိ လျော့နည်းနိုင်ကြောင်း၊ ယူနန်၏ အနောက်ပိုင်းဒေသ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးအခင်း အကျင်းကို မြှင့်တင်ရန်၊ လမ်းတစ်လျှောက်ဒေသ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ယူနန်ပြည်နယ်မှ ပြင်ပသို့ တံခါးဖွင့်လှစ်မှု၊ တရုတ်နိုင်ငံနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းစသည်တို့အတွက် အလွန် နက်ရှိုင်းသော အဓိပ္ပာယ်ရှိကြောင်း သိရပါသည်။